ဝါးခယ်မမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

ဝါးခယ်မ မေ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်း‌စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် မြို့နယ်အတွင်း လူစည်ကားရာ နေရာများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းစေရေး အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန် ရှိသူများက အများပြည်သူသွားလာရာ မြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်နှင့် လူစည်ကားရာနေရာများတွင် ယာဉ် အန္တရာယ်ကင်းစေရန် ဆိုင်ကယ်စီးဦးထုတ်များ၊ ယာဉ်လိုင်စင်၊ လူလိုင်စင်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပါမပါ စစ်ဆေးပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေ   အသိပညာပေး လက်ကမ်းစာစောင်းများကိုပါ အခမဲ့ဖြန့်ဝေပေး လျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)