အမြို့မြို့အနယ်နယ်သတင်းများ

May 04,2022
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များလိုက်ပါ၍ မေလ ၄ ရက်နေ့ နံနက်ပိုင်းက သာမည ကျေးလက်ကျန်းမာရေးဌာနတွင် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် မွေးစအရွယ်မှ တစ်နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က အမှတ်(၆)ရပ်ကွက်၊ အ.ထ.က(၁)ကျောင်း မြတ်ပညာခန်းမတွင် ကျင်းပသည်။
May 04,2022
ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ပိုမိုတိုးတက် မြင့်မားလာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အားပေးကူညီမှု၊ ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအသင်း၏ ကြီးကြပ်မှုတို့ဖြင့် နွေရာသီပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့နယ်၊ သာမညပအိုဝ်းအမျိုးသားကွင်း ဓမ္မာရုံ ၌ ကျင်းပသည်။
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကျေးရွာ များရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သော ပြည်သူများအတွက်  အခြေခံမွေးမြူရေးပညာပေး သင်တန်းကို ယနေ့နံနက် ၁၁နာရီက ကွင်းယားကြီးကျေးရွာရှိ ရွှေကွင်းသာယာ ခန်းမ၌ ပြုလုပ်ခဲ့သည်။
May 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က လူငယ်ရေးရာအသိပညာပေးဟော ပြောပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးကအမှာစကားပြောကြားပြီး လူငယ်နှင့်တိုင်းပြည်ချစ်စိတ် ခေါင်းစဉ်ဖြင့် စတင်ဟောပြောခဲ့သည်။
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် လူထုအခြေပြာဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး  စာအုပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့သည်။
May 04,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်၏ ၂၀၂၂ - ၂၀၂၃  ဘဏ္ဍာရေးနှစ်၊  ဒေသန္တရ စီမံကိန်းနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးဘဏ္ဍာရေးရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက်  (၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ  တက်ရောက် ကြသည်။
May 04,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း နိုင်ငံတော်မတည် ငွေများဖြင့် ဆောက်လုပ်ခဲ့သော ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ကျေးရွာစာကြည့်တိုက်ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို မေ(၃)ရက် နံနက်ပိုင်းက ကျေးရွာများအရောက် ကွင်းဆင်းဆွေးနွေးခဲ့ကြောင်း သိရသည်။