ပုလောမြို့ပေါ် ရေရှားရပ်ကွက်များကို သောက်သုံးရေ ဂါလန် ၄၈၀၀ ပေးဝေ

ပုလော မေ ၄

မြိတ်ခရိုင် ပုလောမြို့ပေါ်ရပ်ကွက်အတွင်း သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ပုလောမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်ထိုက် ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက နွေရာသီကာလ သောက်သုံးရေ ရှားပါးပြတ်လပ်နေသော ရပ်ကွက်များရှိ ရေစုကန်များသို့ သောက်သုံးရေ ပေးဝေလှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ သောက်သုံးရေပေးဝေလှူဒါန်းရာတွင် ယမန်နေ့က ပုလောမြို့ အမှတ် (၁)ရပ်ကွက်၌ ပုလောမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ရေယာဉ်ဖြင့် ရေဂါလန် ၄၈၀၀ ခန့် ပေးဝေလှူဒါန်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

အေးအေးမော်(ပုလော)