ဂွ မေ ၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြို့နယ်သစ်တော ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ခုနှစ်၊ မိုးကြို ကာလ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က အ.လ.က( မြို့သစ်) ကျောင်းရှေ့ ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်တွင် မဟော်ဂနီ (၂၀၀)ပင်၊ ပျဥ်းကတိုး (၁၀၀)ပင်၊ မယ်ဇလီ (၃၀၀)ပင်၊ ပင်လယ်ကဗွီး(၅၀၀)ပင်၊ မန်ဂျန်ရှား(၂၀၀)ပင်၊ ခရေ(၂၀၀)ပင်၊ စုစုပေါင်း ပျိုးပင်(၁၅၀၀)အား စုပေါင်း စိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူးမျိုးဇေယျာနှင့် အဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်