ကံမမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ

ကံမ   မေ  ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲကို  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန     အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းက အမှာစကား ပြောကြားပြီးနောက် ကံမမြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်   ဒေသန္တရ စီမံကိန်း ရည်မှန်းချက် တာဝန်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ တာဝန်ရှိသူ အသီးသီးက ပေးအပ်ခဲ့သည်။

ထိုသို့တာဝန်ပေးအပ်ရာတွင် လယ်ယာကဏ္ဍ၊  သစ်တောကဏ္ဍ၊ လျှပ်စစ်ဓါတ်အားကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍနှင့်  ရင်းနှီးမြုပ်နှံမှုကဏ္ဍတို့ဖြစ်ပြီး         မြို့နယ်စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနမှူး ဒေါ်ထိပ်တင်ဦးက ကံမ မြို့နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှမတ်လအထိ)(၆)လတာကာလ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် ကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ် (ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များအား ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)