အမြို့မြို့အနယ်နယ်သတင်းများ

Jun 14,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု
Jun 14,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်းရှိ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စဉ်ကူးမြို့နယ်စည်ပင်သာယာခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၁ဝး၀၀) နာရီကစ၍ အမှတ်(၄၄)အခြေခံပညာမူလတန်း‌ကျောင်း၌ ထိုးနှံပေးကြောင်း သိရသည်။
Jun 14,2022
ကရင်ပြည်နယ်၊မြဝတီခရိုင်၊စုကလိမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့ရုံးအနေဖြင့် အများပြည်သူများအားအသိပညာပေးလုပ်ငန်းတစ်ခုဖြစ်သည့် Talk Show အား Online မှတဆင့် ထုတ်လွင့်တင်ဆက်ပေးနေသည်ဖြစ်ရာ ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေး Talk Show အား ယနေ့နံနက် ၁၁ နာရီက ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာန Community Centerတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် သမ္ဗုတိရသံဃာ့ကိုယ်စားလှယ်နှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက် ၊ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ ဆီဆိုင်မြို့နယ်တွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
Jun 14,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုများအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းစဖွင့်သည့် ဇွန် ၂ ရက်နေ့မှ စ၍ သက်ဆိုင်ရာ ကျောင်းများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးခဲ့ရာ ဇွန် ၁၃ ရက်နေ့အထိ ကာကွယ်‌ဆေးထိုးနှံပြီးသူ ကျောင်းသား၊ ကျောင်းသူ ၂၁၃၅ ဦးရှိပြီဖြစ်ပြီး၊ ယနေ့နံနက်ပိုင်းမှစ၍ ချောင်းဝိုင်းလေးရပ်ကွက်ရှိ အမှတ် (၈)အခြေခံ ပညာ မူလတန်း‌ကျောင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်‌ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
Jun 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ပင်လုံတက္ကသိုလ်တွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ၂၀၂၁/၂၀၂၂ ခန့်နည်းပြသရုပ်ပြ သစ်လွင်ဆရာ၊ ဆရာမများအား ကြိုဆိုတွေ့ဆုံခြင်းကို ပင်လုံတက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပသည်။