Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့်ကျေးရွာများသို့သောက်သုံးရေ လှူဒါန်း
Jun 14,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သောက်သုံးရေလိုအပ်လျက်ရှိသော ကောင်းပင်စီတဲတိုက်နှင့် နန်းတော်ရာတဲတိုက်သို့ ယနေ့နံနက် ၈ နာရီအချိန်က သောက်သုံးရေဂါလံ (၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်း အကျိုးတော်ဆောင်များထံကသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ်၌ ရေပေးရေးလုပ်ငန်းများအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Jun 14,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ကျေးရွာများ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် ရေပေးရေးလုပ်ငန်းများအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်( ၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 14,2022
၂၀၂၂ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက လမ်းညွှန်အမှာစကားပြောကြားပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက ပြိုင်ပွဲကျင်းပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် တောင်သူများအား တွေ့ဆုံခြင်းနှင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်း အခမ်းအနားတက်ရောက်
Jun 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မြင့်မားရေး၊ ဒေသခံတောင်သူများ လုပ်ငန်းပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အောင်မြေရိပ်သာကျေးရွာအုပ်စု၊ စိုက်ပျိုးစီးပွားအသိပညာပေး စင်တာ(KC)ခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စာဖတ်သူများ လက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Jun 14,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကြောင့် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ယာယီရပ်နားထားရာမှ ယခုအခါ ကိုဗစ်-၁၉ရောဂါဖြစ်ပွါးမှုနှုန်း လျော့နည်းကျဆင်းလာပြီဖြစ်သောကြောင့် ရပ်ကွက်/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်းပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက ပုရွက်ဆိတ်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(သစ်လေးလုံး)နှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက်ငှားရမ်း ပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
အမရပူရမြို့နယ်တွင် အသက်(၅)နှစ် မှ (၁၂) နှစ်အထက်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိ
Jun 13,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထက် အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်(၉)နာရီ အချိန်က ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း တွင် ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့၊ ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးသူနာပြုစုခြင်း အခြေခံ (မွမ်းမံ)သင်တန်းဖွင့်လှစ်
Jun 13,2022
ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက ရှေးဦးသူနာပြုစုခြင်းအခြေခံ(မွမ်းမံ)သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်အတွင်း အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းဖွင့်လှစ်
Jun 13,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စု၊ ထုံးကုန်းကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17498
Page
17499
Page
17500
Page
17501
Current page
17502
Page
17503
Page
17504
Page
17505
Page
17506
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department