စုကလိမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်

စုကလိ ဇွန် ၁၄

ကရင်ပြည်နယ်၊မြဝတီခရိုင်၊စုကလိမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့ရုံးအနေဖြင့် အများပြည်သူများအားအသိပညာပေးလုပ်ငန်းတစ်ခုဖြစ်သည့် Talk Show အား Online မှတဆင့် ထုတ်လွင့်တင်ဆက်ပေးနေသည်ဖြစ်ရာ ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေး Talk Show အား ယနေ့နံနက် ၁၁ နာရီက ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာန Community Centerတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Showတွင် မူးယစ်ဆေးဝါးဆိုတာဘာလည်း၊ မူးယစ်ဆေးကို ဘာကြောင့်သုံးစွဲကြတာလည်း၊ မူးယစ်ဆေးသုံးစွဲသူ၏လက္ခဏာများအကြောင်း၊ စိတ်ကြွဆေးများအသုံးပြုခြင်းကိုရပ်တန့်ရန် ကျန်းမာရေးအကြံပြုချက်များ၊ ကိုယ်ဝန် ဆောင်မိခင်များစိတ်ကြွဆေးသုံးစွဲလျှင် ဖြစ်ပေါ်လာတက်သောဆိုးကျိုးများ ၊မူးယစ်ဆေးကို ဘာကြောင့်ဖြတ်ဖို့ခက်တာလည်း ၊ စိတ်ကြွဆေးကြောင့်ဖြစ်ပေါ်စေသော လက္ခဏာများအကြောင်းနှင့် မူးယစ်ဆေးသုံးစွဲမိလျှင် နိုင်ငံတကာမှချမှတ်ထားသော ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးပပျောက်အောင် ဆောင်ရွက်ကြသည့်အကြောင်းအရာများ အကြောင်းတို့ကို အသိပညာပေးဆွေး နွေးပေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့မှ စာကြည့်တိုက်လက်ထောက် -၃ ဒေါ်ပိုပိုအောင်နှင့် အငယ်တန်းစာရေး အင်အားပြ ဦးကိုကိုအောင်တို့မှ ဆွေးနွေးပေးခဲ့ကြပြီး We Love Sukali Page တွင်အချိန်နှင့်တပြေးညီ ထုတ်လွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုပိုအောင်(စုကလိပြန်/ဆက်)