၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ ဆီဆိုင်မြို့နယ်တွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် တွေ့ဆုံခြင်း အခမ်းအနားပြုလုပ်

ဆီဆိုင် ဇွန် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ ဆီဆိုင်မြို့နယ်တွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်ဦးခွန်အောင်ကျော်မြင့်တို့က တင်ဒါအောင်မြင်သည့်ကုမ္ပဏီများအား လုပ်ငန်းစံချိန်စံညွှန်းနှင့် အရည်အသွေးကောင်းမွန်စွာ ဆောင်ရွက်ကြရန်နှင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စေတနာပါစွာဖြင့်ဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်က တင်ဒါရလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ကျေးရွာတာဝန်ရှိသူများနှင့် မြို့နယ်တည်ဆောက်ရေးကော်မတီများမှတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆီဆိုင်မြို့နယ်တွင် တင်ဒါအောင်မြင်သည့် ခမ်းလားကုမ္ပဏီမှ ထီရီးကျေးရွာ မြေ+သဲဗြုန်း ကုန်ထုတ်လမ်း အပိုင်း(၂)    ၅ ဖာလုံအား ၂၄.၇၅ သန်းဖြင့် လည်းကောင်း၊ မဏိရတာနာကုမ္ပဏီမှ ထီရီးကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ Box Culvert တံတား ၂x(၂၂’x၅’x၅’)အား ၁၇.၅ သန်း ဖြင့်လည်းကောင်း၊ ရွှေလက်တွဲကုမ္ပဏီမှ ထီလုံးဆူကျေးရွာ မြေ+သဲဗြုန်း ကုန်ထုတ်လမ်း ၁ မိုင်အား ၃၉.၆ သန်းနှင့် ထီလုံးဆူကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ မြေ+သဲဗြုန်း တံတား ၂ ပေပြွန် ၁၈ လက်မ အား ၁.၂၅ သန်း စုစုပေါင်း(၄၀.၈၅)သန်းဖြင့်လည်းကောင်း၊ ရွှေသိင်္ဂီဖြိုးကုမ္ပဏီမှ ဆောဆားကျေးရွာ မြေ+သဲဗြုန်း ကုန်ထုတ်လမ်း အပိုင်း(၁) ၁မိုင် ၁ဖာလုံအား ၄၄.၁ သန်းဖြင့်လည်းကောင်း၊ ထွန်ကြယ်စင်ကုမ္ပဏီမှ ဆောဆားကျေးရွာကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတား (၂၀’x၁၄’x၅’)အား ၃၄.၇၂ သန်းနှင့် ဆောဆားကျေးရွာကုန်ထုတ်လမ်းပေါ်ရှိ Box Culvert တံတား (၂၂’x၅’x၅’)အား ၈.၇၅ သန်း စုစုပေါင်း(၄၃.၄၇)သန်းဖြင့် လည်းကောင်း၊ ရွှေလမင်းကြယ်ကုမ္ပဏီမှ ဆောဆားကျေးရွာ မြေ+သဲဗြုန်း ကုန်ထုတ်လမ်း အပိုင်း(၂) ၁မိုင် ၂ ဖာလုံ အား ၄၉ သန်းနှင့်  ဆောဆားကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ Box Culvert တံတား (၂၂’x၅’x၅’)အား ၈.၇၅ သန်း စုစုပေါင်း(၅၇.၅၇)သန်း ဖြင့် လည်းကောင်း၊ Tai Com ကုမ္ပဏီမှ ဆောဆားကျေးရွာ မြေ+သဲဗြုန်း ကုန်ထုတ်လမ်း ၅ ဖာလုံ အား ၂၄.၆၂၅ သန်းဖြင့်လည်းကောင်း၊ အောင်ဆုပြည့်ကျော် ကုမ္ပဏီမှ နောင်စကာစိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း ၃.၉၈ ဖာလုံအား ၁၉.၃၂၁ သန်းဖြင့် စုစုပေါင်း တင်ဒါအောင်မြင်ငွေေ ကျပ်သန်း(၂၇၂.၁၈၆)ဖြင့် မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)