ရေတာရှည်မြို့နယ်တွင် သမ္ဗုတိရသံဃာ့ကိုယ်စားလှယ်နှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ရွေးချယ်ပွဲ အခမ်းအနားကျင်းပ

ရေတာရှည် ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် သမ္ဗုတိရသံဃာ့ကိုယ်စားလှယ်နှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက် ၊ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သမ္ဗုတိရ သံဃာ့ကိုယ်စားလှယ်နှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်အဖြစ် မြို့ဦးပရိယတ္တိစာသင်တိုက်ဆရာတော် ဦးပညာဇောတအား တက်ရောက်လာသည့် ဆရာတော်များမှ ဆန္ဒမဲပေးရွေးချယ်ခဲ့ကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ ဆန္ဒမဲပေးသည့် ဆရာတော်(၇၉)ပါး၊ အခြားဖိတ်ကြားထားသည့်ဆရာတော် (၆၉)ပါး၊ စုစုပေါင်း(၁၄၈)ပါးနှင့် ခရိုင်သာသနာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်