Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှည်းကူးမြို့နယ်၊ ရှမ်းထက်ကျေးရွာ၌ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား / သူ (၂၄၅) ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက လှည်းကူးမြို့နယ်၊ ရှမ်းထက်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့ခရိုင် အခြေခံပညာကျောင်းများသို့တက်ရောက်နေသည့် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ၆၇၈၀ ဦးထိုးနှံ
Jun 14,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်အတိုင်း ကျောင်းသားကျောင်းသူများ အား ပညာသင်ယူခွင့် အခွင့်အအလမ်းများရရှိလာစေရန် အတူနေမိသားစုနှင့်ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွား မှုကိုတားဆီးရန် ကျောင်းစတင်ဖွင့်လှစ်သည့် ဇွန်၁ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိပြီး ဇွန်လ ၁၄ရက်၊ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၆၇၈၀ ဦးထိုးနှံပေးဖြစ်ဖြစ်ကြောင်း ညောင်ဦးခရိုင်၊ အခြေခံပညာဦးစီးဌာနထံကသိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် ကွန်ပျူတာတက္ကသိုလ် (မန္တလေး) တွင် ပထမအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 14,2022
မန္တလးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာအုပ်စုအတွင်းရှိ ကွန်ပျူတာ တက္ကသိုလ် (မန္တလေး) တွင် ပထမအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈) နာရီက အဆိုပါ တက္ကသိုလ်၀င်းအတွင်းရှိ ကျောင်းအလယ်လမ်းဘေးတွင် တစ်ပျော်တစ်ပါး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် ကန်တွင်းကျေးရွာတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်
Jun 14,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲတို့ပူးပေါင်း၍ မီးသွေးဘုတ် ကျေးရွာအုပ်စု၊ ကန်တွင်းကျေးရွာတွင် ယနေ့နံနက်(၁၀)နာရီက အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်မြို့နယ်တွင် စာကြည့်တိုက်လုပ်ငန်းညှိနှိုင်းပြီး ကျေးရွာစာကြည့်တိုက်အတွက် ထောက်ပံ့ငွေနှင့် စာစောင်များလှူဒါန်း
Jun 14,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ ၆/၂၀၂၂ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ကျေးရွာစာကြည့်တိုက်အတွက် ထောက်ပံ့ငွေနှင့် စာစောင်များ လှူဒါန်းပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွား (၈၆၉) ဦးအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ပေး
Jun 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်း အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ငှားရမ်းပေးခြင်း ဆောင်ရွက်
Jun 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးစာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၁၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ KG မှ Grade 5 အဆင့်ရှိ ကျောင်းသား၊ ကျောင်းသူလေးများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်ကနောင်မြိုင်းအုပ်စု နောင်ခမ်းအခြေခံပညာမူလတန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17477
Page
17478
Page
17479
Page
17480
Current page
17481
Page
17482
Page
17483
Page
17484
Page
17485
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department