Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြို့နယ်အတွင်းရှိ ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်
Jun 14,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာကျေးရွာအုပ်စု၊ အ.ထ.က-ကျုံတာကျောင်းဝန်းအတွင်းရှိ အလျား (၁၂၀)ပေ၊ အနံ (၃၀)ပေရှိ RC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းဆောင်သစ်ရှေ့တွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jun 14,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ်အတွင်း သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 14,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်းရှိ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စဉ်ကူးမြို့နယ်စည်ပင်သာယာခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၁ဝး၀၀) နာရီကစ၍ အမှတ်(၄၄)အခြေခံပညာမူလတန်းကျောင်း၌ ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်
Jun 14,2022
ကရင်ပြည်နယ်၊မြဝတီခရိုင်၊စုကလိမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့ရုံးအနေဖြင့် အများပြည်သူများအားအသိပညာပေးလုပ်ငန်းတစ်ခုဖြစ်သည့် Talk Show အား Online မှတဆင့် ထုတ်လွင့်တင်ဆက်ပေးနေသည်ဖြစ်ရာ ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေး Talk Show အား ယနေ့နံနက် ၁၁ နာရီက ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာန Community Centerတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်တွင် သမ္ဗုတိရသံဃာ့ကိုယ်စားလှယ်နှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ရွေးချယ်ပွဲ အခမ်းအနားကျင်းပ
Jun 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် သမ္ဗုတိရသံဃာ့ကိုယ်စားလှယ်နှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက် ၊ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ ဆီဆိုင်မြို့နယ်တွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် တွေ့ဆုံခြင်း အခမ်းအနားပြုလုပ်
Jun 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ ဆီဆိုင်မြို့နယ်တွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူ ၂၁၃၅ ဦးရှိပြီဖြစ်
Jun 14,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုများအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းစဖွင့်သည့် ဇွန် ၂ ရက်နေ့မှ စ၍ သက်ဆိုင်ရာ ကျောင်းများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးခဲ့ရာ ဇွန် ၁၃ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ ကျောင်းသား၊ ကျောင်းသူ ၂၁၃၅ ဦးရှိပြီဖြစ်ပြီး၊ ယနေ့နံနက်ပိုင်းမှစ၍ ချောင်းဝိုင်းလေးရပ်ကွက်ရှိ အမှတ် (၈)အခြေခံ ပညာ မူလတန်းကျောင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17473
Page
17474
Page
17475
Page
17476
Current page
17477
Page
17478
Page
17479
Page
17480
Page
17481
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department