လှည်းကူးမြို့နယ်၊ ရှမ်းထက်ကျေးရွာ၌ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား / သူ (၂၄၅) ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

လှည်းကူး ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက လှည်းကူးမြို့နယ်၊ ရှမ်းထက်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ / မများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်း ညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ ထိုးနှံပေးပြီးနောက် ကျောင်းသား / သူများအား မိနစ် (၃၀) ခန့်အနားယူစေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

လှည်းကူးမြို့နယ်၊ ရှမ်းထက်ကျေးရွာတွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကာကွယ်ဆေး ထိုးရန်အကျုံးဝင်သည့် ကျောင်းသား / သူ (၂၄၅) ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံ ရန်ကျန်ရှိသော ကျောင်းသား / သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး သူများအား ဇူလိုင်လ (၁၄) ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)