Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျား၊ မရေးရာ(Gender)နှင့်ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ
Jun 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကျား၊ မရေးရာ (Gender)နှင့် ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု (Gender Based Violence-GBV) ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ် ( ၁)အခြေခံပညာ အထက်တန်းကျောင်း သုံးထပ်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် နေကြာသီးနှံ သီးထပ်သီးညှပ်ပင်စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Jun 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်ဒေသအတွင်း စားသုံးဆီဖူလုံစွာသုံးနိုင်ရန်အတွက် နေကြာသီးနှံ သီးထပ်သီးညှပ်ပင် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့အထက(၁)ကျောင်း၌ ကျားမအခြေပြုအကြမ်းဖက်မှု အသိပညာပေးဟောပြောပွဲဆောင်ရွက်
Jun 14,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့အထက(၁)ကျောင်းတွင် ယနေ့နံနက် (၁၀:၀၀)နာရီချိန်က ကျားမအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက်များအရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး
Jun 14,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများပါဝင်သည့် ကာကွယ်ဆေးထိုးအဖွဲ့များသည် အဖွဲ့များခွဲကာရပ်ကွက်များ အရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉) နာရီအချိန်မှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့တွင်း လမ်းမကြီးနိုင်လွန်ကတ္တရာ(၄)လမ်းသွား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌနှင့် တာဝန်ရှိ…
Jun 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့အဝင်မုဒ်ဦးမှ စတင်ကာ လားရှိုးမြို့အထွက် AT တံတားအထိမြို့တွင်းလမ်းပိုင်း၊ (၄)လမ်းသွား နိုင်လွန်ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို မေလ(၂၂)ရက်နေ့မှ စတင်ကာဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်တွင် အသက် ၈၅ နှစ်အထက် သက်ကြီး ဘိုး/ဘွား များအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုး/ဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်၊ အင်းပက်လက်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်
Jun 14,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့် ပူးပေါင်းဖွင့်လှစ်သည့်၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပင်းတယမြို့နယ် တမဲကျေးရွာအုပ်စု၊ အင်းပက်လက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၁) ကျောင်း၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိလိုက်နာတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက်သုနန္ဒာ လမ်းရှိအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17475
Page
17476
Page
17477
Page
17478
Current page
17479
Page
17480
Page
17481
Page
17482
Page
17483
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department