ညောင်ဦး ဇွန် ၁၄
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်အတိုင်း ကျောင်းသားကျောင်းသူများ အား ပညာသင်ယူခွင့် အခွင့်အအလမ်းများရရှိလာစေရန် အတူနေမိသားစုနှင့်ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွား မှုကိုတားဆီးရန် ကျောင်းစတင်ဖွင့်လှစ်သည့် ဇွန်၁ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိပြီး ဇွန်လ ၁၄ရက်၊ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၆၇၈၀ ဦးထိုးနှံပေးဖြစ်ဖြစ်ကြောင်း ညောင်ဦးခရိုင်၊ အခြေခံပညာဦးစီးဌာနထံကသိရသည်။
ညောင်ဦးမြို့ခရိုင်အတွင်း အခြေခံပညာကျောင်းများသို့ တက်ရောက်နေသည့် ကျောင်းသား/သူများ အသက်(၅)နှစ်မှအသက် (၁၂)နှစ်အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပြီးသူ ညောင်ဦးမြို့နယ်တွင် (၁၇၆၀) ဦးနှင့် ကျောက်ပန်းတောင်းမြို့နယ်တွင် (၅၀၂၀)ထိုးနှံပေးပြီးဖြစ်ရာ စုစုပေါင်း(၆၇၈၀)ဦးထိုးနှံပေးပြီးဖြစ်ကြောင်း ညောင်ဦး ခရိုင်အခြေခံပညာဦးစီးဌာန၊ ဦးအောင်ဌေး(လက်ထောက်ညွှန်ကြားရေးမှူး)ထံကသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေသည့် အခြေခံပညာကျောင်းများသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးခြင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးသည့်နေရာများသို့ သွားရောက်ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ကိုကြေးမုံ