ဗန်းမော် ဇွန် ၁၄
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ ၆/၂၀၂၂ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ကျေးရွာစာကြည့်တိုက်အတွက် ထောက်ပံ့ငွေနှင့် စာစောင်များ လှူဒါန်းပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်ကော်မတီ အဖွဲ့ဝင်များတို့က မိမိတို့ ကျေးရွာစာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြကြပြီး ဗန်းမော်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်း၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းတို့က ဗန်းမော်မြို့နယ် စီဟဲကျေးရွာရှိ အလင်းတံခါးစာကြည့်တိုက်နှင့် ဗန်းမော်မြို့ မြို့မရပ်ကွက်ရှိ ပျိုးခင်းအားမာန် စာကြည့်တိုက်အတွက် စာကြည့်တိုက် တစ်တိုက်လျှင် အလှူငွေကျပ် ၄၅၀၀၀ နှင့် ဒို့ကျေးရွာဂျာနယ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)