မိုးနဲမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၁၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မိုးနဲ ဇွန် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ KG မှ Grade 5 အဆင့်ရှိ ကျောင်းသား၊ ကျောင်းသူလေးများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်‌စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်ကနောင်မြိုင်းအုပ်စု နောင်ခမ်းအခြေခံပညာမူလတန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ကွင်းဆင်းထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် နောင်မြိုင်းအုပ်စု နောင်ခမ်း အခြေခံပညာမူလတန်းကျောင်း၌ ‌ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်‌ရေးမှူးများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားဆရာဝန်များနှင့် တပ်ကြပ်ကြီးသားဖွားတို့မှ ပူးပေါင်းကာ ကိုယ်အပူချိန်တိုင်းတာပေးပြီး  ကျောင်းသား၊‌‌ကျောင်းသူ ၁၁၀ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။ ထို့နောက် BaB အားဆေးနှင့် paracetamol အကိုက်အခဲ‌ပျောက်ဆေးတို့ကို KG နှင့် Grade 1 ကျောင်းသား၊ ကျောင်းသူလေးများအတွက် ပေးအပ်ခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံပေးခဲ့ကြောင်း သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)