Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဆင်ပေါင်ဝဲမြို့နယ်၌ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်
Jun 09,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အနေဖြင့် ၂၀၂၂-ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင်(၂၉)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲဖြေဆို
Jun 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်၊ နေလသုခဗိမာန်(ဗြဟ္မဝိဟာရ) လေးထပ်ဆောင်ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁)နာရီက (၂၉)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲဒုတိယနေ့အဖြစ် ဆက်လက်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အစိုးရ စက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်း၌ ပထမနှစ်(ဒုတိယနှစ်ဝက်) တတိယနှစ် သင်တန်းသားများ စတင်ပညာသင်ကြား
Jun 09,2022
လပွတ္တာခရိုင်၊ လပွတ္တာ(၃)မိုင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာနှင့် သက်မွေးပညာနှင့်လေ့ကျင့်ရေးဉီးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ) ကျောင်းဖွင့်လှစ်၍ ပထမနှစ်(ဒုတိယနှစ်ဝက်) တတိယနှစ်သင်တန်းသားများ စာသင် ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေး
Jun 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ဇွန်လ ၂ရက်နေ့မှစတင်၍ စာသင်ကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အဆိုပါ စာသင်ကျောင်းများသို့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ထွေ/အုပ်စာရေးများ ပူးပေါင်း၍ အသက်၅နှစ်မှ ၁၂နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် မြို့နယ် ပေါင်းစုံအမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သု၀ဏ္ဏပိုက်ကျော်ခြင်း အားကစားရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒလဘမ်းကျေးရွာ မူလတန်းကျောင်းသို့ အိမ်ခြံမြေပရဟိတအဖွဲ့မှ လာရောက်လှူဒါန်း
Jun 09,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ ဒလဘမ်းကျေးရွာ၊ မူလတန်းကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံပေတံနှင့် ဆန်များ၊ ထီးများကို ယနေ့နံနက် (၉:၀၀) နာရီက ဒဂုံဆိပ်ကမ်း အိမ်ခြံမြေအကျိုးဆောင် အဖွဲ့မှလှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် (၅) နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ…
Jun 09,2022
မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ အခြေခံပညာကျောင်းများတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း…
Jun 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များလိုက်ပါပြီး ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17341
Page
17342
Page
17343
Page
17344
Current page
17345
Page
17346
Page
17347
Page
17348
Page
17349
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department