လပွတ္တာမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေး

လပွတ္တာ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ဇွန်လ ၂ရက်နေ့မှစတင်၍ စာသင်ကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အဆိုပါ စာသင်ကျောင်းများသို့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ထွေ/အုပ်စာရေးများ ပူးပေါင်း၍ အသက်၅နှစ်မှ ၁၂နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိသည်။

ထို့သို့ ထိုးနှံပေးလျက်ရှိရာ  ယမန်နေ့နံနက် ၉နာရီက အ.မ.က(၆) အခြေခံပညာ မူလတန်းကျောင်းတွင် အသက် ၅နှစ်မှ ၁၂နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လပွတ္တာ (ခရိုင်ပြန်/ဆက်)