အမြို့မြို့အနယ်နယ်သတင်းများ

Jun 08,2022
စစ်ကိုင်းမြို့တွင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းခရိုင်ရုံး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ နေ့လယ် (၃) နာရီအချိန်က နန်းဦးမြို့သစ် ရပ်ကွက်ရှိ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေး၊ ဝန်ထမ်းအိမ်ယာ၊ တိုက်အမှတ်(၁၇)၊ အခန်း (၀၀၂) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 08,2022
ရန်ကင်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ကံဘဲ့စည်ပင် အိမ်ရာဝင်းအတွင်း၌ ယမန်နေ့ နံနက် ၇ နာရီက စျေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် အသား၊ ငါးများစတင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Jun 08,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အခြေခံပညာကျောင်းများတွင် ဇွန်လ ၂ ရက်နေ့မှ စတင် ဖွင့်လှစ်သင်ကြားလျက်ရှိရာ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် (၉)နာရီက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ သင်ကြားလျက်ရှိကြောင်း သိရသည်။‌ေ
Jun 08,2022
၂၀၂၂ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၂) ၊ မြို့ရှောင်လမ်း၊ မိုင်တိုင် ၈/၅ အနီး၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင်များ၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တပ်မတော်သား အရာရှိ/စစ်သည်များ၊
Jun 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက်ပိုင်းမှစ၍ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအားလည်းကောင်း၊ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကွင်းဆင်းဆောင်ရွက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်​။
Jun 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းက မွေးကင်းစမှ အသက်၁နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 08,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံ ပေးခြင်းကို ယမန်နေ့နံနက် (၁ဝး၀၀)နာရီမှစတင်၍ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းစုရပ်၌ ထိုးနှံပေးခဲ့ရာ ကျောင်းသားကျောင်းသူ (၂၆၈)ဦးအား ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 08,2022
ရန်ကင်းမြို့နယ်တွင် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရနိကာယ်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁ နာရီက အမှတ် (၁၄) ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းစေတီတော်ဝန်းအတွင်းရှိ မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။