အမြို့မြို့အနယ်နယ်သတင်းများ

Jun 08,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ရောဂါမျိုး သယ်ဆောင်သော ပိုးမွှားကောင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ညနေ ၄ နာရီက ရွှေပြည်သာရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 08,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေးကို
Jun 08,2022
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းသားသမီးများအား ‌ပညာသင်စရိတ်ထောက်ပံ့ငွေနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇွန်လ (၈)ရက်နေ့ နံနက်ပိုင်းအချိန်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jun 08,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ စျေးရောင်းချနေသော စျေးသူ/သားများအနေဖြင့် စားသုံးရန်မသင့်သော အသားချောင်းများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး စျေးကွက်အတွင်း ရောင်းချခြင်းမရှိစေရေးအတွက် ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်း၍ စားသုံးရန်မသင့်သည့် အသားချောင်းများနှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jun 08,2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရနိကာယ် စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ ယမန်နေ့နေလည် ၁ နာရီက တွံတေးမြို့နယ် အစိုးရနိကာယ်စာမေးပွဲစာဖြေဌာနဖြစ်သည့် ရွှေလက်ခုပ်ကျောင်း၊ သာသနာ့ဗိမာန်တော်ကြီး၊ ဓမ္မာလင်္ကါရကျောင်းတိုက်၊ ပဏ္ဍိတရာမကျောင်းတိုက်၊ နိဂြောဓါရုံကျောင်းတိုက်နှင့် အာစိဏ္ဏကံတန်ဆောင်တို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကံကြီး/မကျီးရပ်ကွက် ရတနာပုဲ(၁)လမ်းတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အစီအစဉ်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုတို့ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ယမန်နေ့က လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။            
Jun 08,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ဆက်တိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Jun 08,2022
ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့်စား သုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်‌ရေးအတွက် အခြေခံစားသောက်ကုန်များအား ယမန်နေ့ နံနက်က အမှတ်(၄)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် လသာလမ်းထိပ် (ကောင်းတုံကွမ်ယင် တရုတ်ဘုံကျောင်းရှေ့)၌ လာရောက်‌ရောင်းချ ပေးနေကြောင်း သိရသည်။