အမြို့မြို့အနယ်နယ်သတင်းများ

Jun 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များလိုက်ပါပြီး ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Jun 09,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၌ ဒေသဝမ်းစာဖူလုံရေးနှင့် မိုးစပါးအထွက်နှုန်းတိုးတက်ရေးအတွက် ယမန်နေ့နေ့လယ်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင် ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများရှိ တောင်သူများအား စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (CS)နှင့် မြို့နယ်များရှိ မျိုးစေ့ထုတ်တောင်သူများအား မျိုးသန့်မျိုးပွားမျိုးစေ့ (RS)မျိုးများကို စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။
Jun 09,2022
နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌
Jun 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ဆီသိုလှောင်ထားရှိမှုအခြေအနေများ၊ အခြင်အတွယ်ရောင်းဝယ်မှုနှင့် ဈေးနှုန်းများ မှန်ကန်မှုရှိစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
Jun 09,2022
ဇွန်လ ၁၂ ရက်နေ့တွင်ကျ‌ရောက်မည့် ကမ္ဘာ့ကလေးအလုပ်သမားပပျောက်‌ရေးနေ့ (WDACL) အထိမ်းအမှတ်အဖြစ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီ အချိန်က ပြုလုပ်သည်။
Jun 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ မကျီးတောကျေးရွာရှိ နေအိမ်တစ်လုံးတွင် ယမန်နေ့ နံနက်(၉)နာရီခန့်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် တွင် အသက် ၅နှစ်မှ ၁၁ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်နှင့် အသက် ၁၁ နှစ်မှ ၁၂ အထိ ကျောင်းသား ကျောင်းသူများကို Myancopharm ထိုးနှံခြင်းတို့ကို ယမန်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 09,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလှက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူ(၁၈၀)ဦးအား ထိုးနှံပေးခဲ့ကြောင်းသိရသည်။