မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

မုံရွာ  ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များလိုက်ပါပြီး ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ကျောင်းအတွက် လုံခြုံရေးကိစ္စများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများ၊ ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသားမိဘများအားလည်း  စိုးရိမ်စိတ်များမရှိဘဲ စိတ်အေးချမ်းစွာ နေထိုင်စေရေးတို့နှင့် စပ်လျဥ်းပြီး အသေးစိတ်ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်ချက် အခက်အခက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ အဆိုပါကျောင်းအတွင်း အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသားကျောင်းသူများအား လိုက်လံကြည့်ရှုပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော် မြို့နယ်များတွင်   အခြေခံပညာ ကျောင်းများဖွင့်လှစ်မှုမှာ အထက်တန်းကျောင်း(၁၄)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)()ကျောင်း၊ အလယ်တန်းကျောင်း()ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၁၄)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၁၈)ကျောင်း၊ မူလတန်းကျောင်း(၄၇)ကျောင်း၊  စုစုပေါင်း (၁၀၆) ကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ထက်၊ လယ်၊ မူ ကျောင်းသားကျောင်းသူစုစုပေါင်း ၇၂၇၄ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာ သင်ကြားလျက်ရှိကြောင်း  မုံရွာခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)