ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒလဘမ်းကျေးရွာ မူလတန်းကျောင်းသို့ အိမ်ခြံမြေပရဟိတအဖွဲ့မှ လာရောက်လှူဒါန်း

ဒဂုံဆိပ်ကမ်း   ဇွန်  

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ ဒလဘမ်းကျေးရွာ၊ မူလတန်းကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံပေတံနှင့် ဆန်များ၊ ထီးများကို ယနေ့နံနက် (:၀၀) နာရီက ဒဂုံဆိပ်ကမ်း အိမ်ခြံမြေအကျိုးဆောင်အဖွဲ့မှ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒလဘမ်းကျေးရွာ မူလတန်းကျောင်းသို့ အိမ်ခြံမြေပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မျိုး ဦးဆောင်သော ပရဟိတအဖွဲ့ (၁၂)ဦးမှ ကျောင်းသားတစ်ဦးလျှင် ထီးတချောင်း၊ ဗလာစာအုပ်တစ်ဒါဇင်၊ ဘော့ပင်၊ ခဲတံ၊ ပေတံ၊ ဆန်()ပြည်ကျသင့်ငွေ (၁၀၅၀၀)ကျပ်နှင့် ကျောင်းသား၊ ကျောင်းသူ (၁၃၅)ဦးအတွက် ကျသင့်ငွေ (၁၄၁၇၅၀၀)ကျပ်၊ အဟာရကျွေးမွေးရန်အတွက် (၁၀၀၀၀၀)ကျပ်၊ ကျောင်းရှေ့သဲခင်းရန်အတွက် (၁၀၀၀၀၀) ကျပ်၊ သယ်ယူစရိတ် (၄၀၀၀၀) ကျပ်၊ စုစုပေါင်း (၁၆၅၇၅၀၀)ကျပ်  ကိုလှူဒါန်းခဲ့ကြောင်း ကျောင်းအုပ် ဆရာကြီးထံမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းနေပျော်ရန်နှင့် ကျောင်းခြံ၀န်းသာယာလှပစေရန် ရည်ရွယ်၍ကလေးများအတွက် လှူဒါန်းရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးထွန်းလင်းမှ ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

လဲ့လဲ့