ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား အသက် ၂၅ နှစ်‌အောက် မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်

ရန်ကုန် ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်ဖလား အသက် ၂၅ နှစ်‌အောက် မြို့နယ် ပေါင်းစုံအမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သု၀ဏ္ဏပိုက်ကျော်ခြင်း အားကစားရုံ၌ ကျင်းပသည်။ ဗိုလ်လုပွဲပြိုင်ပွဲတွင် ကွမ်းခြံကုန်းမြို့နယ် အမျိုးသမီးအသင်းက သန်လျင်မြို့နယ် အမျိုးသမီး အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်း‌ကောင်း၊ ရွှေပြည်သာမြို့နယ် အမျိုးသားအသင်းက သာကေတမြို့နယ် အမျိုးသားအသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိသွားသည်။

ပြိုင်ပွဲအပြီးတွင် အမျိုးသား၊ အမျိုးသမီးရိုက်ခုတ် အ‌ကောင်းဆုံးဆု၊ ပင့်‌ထောင်အ‌ကောင်းဆုံးဆု၊‌ နောက်ထိန်း အ‌ကောင်းဆုံးဆု ရရှိသူများအား ရန်ကုန်တိုင်း‌ဒေသကြီး အားကစားနှင့် ကာယပညာ‌ကော်မတီ၀င်များ ကလည်း‌ကောင်း၊ အမျိုးသား တတိယဆုရ‌ မှော်ဘီအသင်း၊ အမျိုးသမီး တတိယဆုရ တွံ‌တေးအသင်းတို့အား အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေကလည်းကောင်း၊ အမျိုးသားဒုတိယဆုရ၊ သာ‌ကေတအသင်း၊ အမျိုးသမီး ဒုတိယဆုရ သန်လျင်အသင်းတို့အား အ‌ရှေ့ပိုင်းခရိုင် စီမံအုပ်ချုပ်‌ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်တို့က ဆုတံဆိပ်နှင့်‌ငွေသား ဆုများချီးမြှင့်ကြသည်။

ယင်း‌နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်ကိုယ်စား၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ၊ ဥပဒေချုပ်ဦးဌေးအောင်က အမျိုးသားပထမဆုရ‌ ရွှေပြည်သာမြို့နယ်အသင်း၊ အမျိုးသမီးပထမဆုရ ကွမ်းခြံကုန်းမြို့နယ် အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊‌ ငွေသားဆုနှင့် ဆုဖလားများအား‌ ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းပြိုင်ပွဲကို ဇွန် ၂ ရက်မှ ၈ ရက် အထိ ကျင်းပခဲ့ပြီး အမျိုးသားအသင်း ၃၉ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်း ပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)