အမြို့မြို့အနယ်နယ်သတင်းများ

Jun 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၂ အခြခံပညာ အထက်တန်းကျောင်း ပညာရွှေရည်ခန်းမတွင် အခြေခံပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျား/မရေးရာ(Gender)နှင့် ကျား/မရေးရာအခြေပြု အကြမ်းဖက်မှု (GBV)အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသည်။
Jun 16,2022
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် Launching Meeting for “Mekong-Korea Cooperation Fund (5th MKCF)” Project ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ၀န်ကြီးချုပ် တက်ရောက်ခဲ့ကြောင်း သိရသည်။
Jun 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ မူလတန်းအဆင့် ပုံတူဆေးရောင်ခြယ်ပြိုင်ပွဲကို  မွန်းလွဲ ၁ နာရီက Community Centre အခန်း၌ ကျင်းပသည်။
Jun 16,2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ဇွန်လ ၂ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဇွန်လ ၁၄ ရက်နေ့အထိ ကျောင်းသား ကျောင်းသူ (၃၀၉၄၂)ဦး ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ မြို့နယ်ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီနှင့် တွေ့ဆုံ၍ ဓာတ်မြေဩဇာများ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးအတွက် ယမန်နေ့ ၁၀ နာရီခွဲ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
Jun 16,2022
စစ်ကိုင်းမြို့တွင် (၂၃)ကြိမ်မြောက်၊ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲခရိုင်အဆင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 16,2022
​​ကျောင်းသူ​ကျောင်းသားများ​ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိ​စေ​ရေးရည်ရွယ်၍ ကရင်ပြည်နယ်၊​ ကော့ကရိတ်ခရိုင် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေး​ဦးစီးဌာနရုံးတွင် ယ​နေ့နံနက် ၁၁ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ်အဖြစ်အသိပညာ​ပေး​ဟော​ပြောပွဲနှင့် ပြိုင်ပွဲများပြုလုပ်ကျင်းပ​ခဲ့သည်။