မော်လမြိုင် ဇွန် ၁၆
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် Launching Meeting for “Mekong-Korea Cooperation Fund (5th MKCF)” Project ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ၀န်ကြီးချုပ် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မွန်ပြည်နယ်သည် စိုက်ပျိုးရေးကို အဓိကထားတဲ့ ပြည်နယ်ဖြစ်ပြီး မိုးစပါး စိုက်ဧက ၆၈၅၀၁၈၊ နွေစပါး စိုက်ဧက ၃၇၈၈၄ နှင့်ဒူးရင်း၊ နာနတ်၊ ကျွဲကော၊ ကြက်မောက်၊ သရက်စတဲ့ အသီးအနှံများလည်း စိုက်ပျိုးကြကြောင်း၊ မော်လမြိုင်တက္ကသိုလ်က ပြုလုပ်တဲ့ “Mekong-Korea Cooperation Fund (5th MKCF)” Project ဟာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုကို အဓိကအကျိုးသက်ရောက်နေသော ကျေးလက်ဒေသ၏ ပင်မစီးပွားရေး လုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းအပေါ် အကျိုးသက်ရောက်နေသော ပြောင်းရွှေ့နေထိုင်မှုကို လေ့လာတဲ့ ပရောဂျက်ဖြစ်ပါကြောင်း၊ ပြောင်းရွှေ့နေထိုင်မှုဟာ ၂၁ ရာစုမှာ တကမ္ဘာလုံးဆိုင်ရာ ပြဿနာအဖြစ် ဖွံ့ဖြိုးဆဲနိုင်ငံတိုင်း ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုဖြစ်ပါကြောင်း မြန်မာနိုင်ငံမှာဆိုရင် အထူးသဖြင့် မွန်ပြည်နယ်ဆိုရင် ထိုင်းနိုင်ငံနဲ့နီးတဲ့အတွက် ပြောင်းရွေ့နေထိုင်မှုရဲ့ ဖြစ်လာတဲ့ အကျိုးဆက်တွေကို အများဆုံးတွေ့ရတဲ့ ပြည်နယ်ဖြစ်ပါကြောင်း မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ စုစုပေါင်း Migrate ရဲ့ ၂၆.၇ ရာခိုင်နှုန်းဟာ မွန်ပြည်နယ်က ဖြစ်ပါတယ် Migrate အများဆုံးဟာ မော်လမြိုင်မြို့နယ် ဒုတိယက သထုံမြို့နယ်ဖြစ်ပြီး တတိယ Migrate အများဆုံးက ပေါင်မြို့နယ်ဖြစ်ပါကြောင်း Migrate ပြန်လည် ပေးပို့တဲ့အတွက်ကြောင့် ရရှိတဲ့ remittance ကလည်း မြန်မာတစ်နိုင်ငံလုံးရဲ့ ၃၄ ရာခိုင်နှုန်းကို မွန်ပြည်နယ်က ရရှိနေတာ ဖြစ်ပါတယ် Migrateလုပ်သားတွေဟာ Positive Impact အဖြစ် မစဉ်းစားဘဲ ပြန်လာတဲ့သူတွေမှာပါလာတဲ့ ကျွမ်းကျင်မှုတွေ နိုင်ငံခြားမှာ လုပ်ကိုင်တဲ့ နည်းပညာ Technology ကိုပါပြန်လည်ပြီး ကိုယ့်ဒေသက ရရှိမယ်ဆိုရင် ကိုယ့်ဒေသရဲ့ စိုက်ပျိုးရေးလုပ်ငန်းလည်း ပိုမိုတိုးတက်လာပြီး ကျေးလက်ဖွံ့ဖြိုးရေးကိုပါ ပိုပြီးတော့ အကျိုးပြုနိုင်မှာဖြစ်ပါတယ် မွန်ပြည်နယ်ရဲ့ အားသာချက်တွေကို သိနေတဲ့အတွက်ကြောင့် တစ်ခြားနိုင်ငံက ရရှိလာတဲ့ အတွေ့အကြုံ နည်းပညာတွေ ကျွမ်းကျင်မှုတွေကို ပူးပေါင်း လုပ်ဆောင်မယ်ဆိုရင် ကိုယ့်ဒေသကို ပိုပြီးအထောက်အကူပြုနိုင်မဲ့ လုပ်ငန်းတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ် ပြောင်းရွှေ့ လုပ်ကိုင်သူများ၏ အရေအတွက်ကိုလျော့ချနိုင်ပြီး ဒေသတွင်း လုပ်သားအင်အား တိုးတက်လာကာ စိုက်ပျိုးရေးတွင် သာမက အခြားစီးပွားရေး လုပ်ငန်းများကိုပါ ပိုမိုလုပ်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း ယခုပရောဂျက် ပြောင်းရွှေ့လုပ်ကိုင်ခြင်း၏ စိုက်ပျိုးရေးအပေါ် ကျရောက်နေသော အကြောင်းအချက်များကို ရှာဖွေဖော်ထုတ်နိုင်ပြီး ကျေးလက်ဖွံ့ဖြိုးရေးကို တခန်းတစ်ကဏ္ဍမှ ပါ၀င်လုပ်ဆောင်ကြရန် ကျေးလက်ဒေသ၏ စီးပွားရေး တိုးတက်လာစေနိုင်ပြီး ကျေးလက်နေသူများ၏ လူမှုစီးပွားရေး အဆင့်အတန်း ပိုမိုမြင့်မားလာစေမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထိုနောက် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန်က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး “Mekong-Korea Cooperation Fund (5th MKCF)” အထောက်အပံ့ဖြင့် ပြုလုပ်သည့် “Impact of Migration on rural development with special emphasis on agriculture of Mon State Myanmar “Project အကြောင်းကို ဒုတိယပါမောက္ခချုပ် ဒေါက်တာ မြင့်သီတာက အသေးစိတ်ရှင်းလင်းပြောကြားကာ စိုက်ပျိုးရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာ ဒေါ်ခင်လေးဆွေက ဖြည့်စွက်ရှင်း လင်းပြောကြားခဲ့သည် ။
ဆက်လက်ပြီး တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ပြည်နယ်၀န်ကြီးချုပ်အား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်
ခရိုင်ပြန်/ဆက်