အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၁-‌၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ယနေ့တွင်ထုတ်ပြန်ရာ ဖာပွန်ခရိုင်အတွင်းတွင် အောင်ချက်ရာခိုင်နှုန်း (၂၈.၈၇) နှုန်းအောင်မြင်‌ကြောင်း သိရှိရသည်။
Jun 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့်အလေ့အကျင့်များ၊ ဝေါဟာရများကြွယ်ခြင်း၊ အသိပညာဗဟုသုများ ရရှိစေခြင်း၊ အရောင်အသွေးများခွဲခြားတတ်စေရန်ရည်ရွယ်၍ ယမန်နေ့ညနေ ၄ နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ဆေးရောင်ခြယ်ပြိုင်ပွဲ၊  စာအုပ်စာစောင်ပြပွဲနှင့် နံရံစာစောင်ပြပွဲများ ကျင်းပခဲ့သည်။
Jun 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကျောင်းသား / သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ကို မြို့နယ်အတွင်းရှိ မူလတန်းကျောင်း (၁၈) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အထက်တန်းကျောင်း (၄) ကျောင်းတို့တွင် ယမန်နေ့ နံနက် (၉) နာရီက စတင်ကာ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
Jun 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား နယ်လှည့်ဆေးကုသပေးခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို အပတ်စဉ် အလှည့်ကျ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက
Jun 17,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် ၂၇၄ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
Jun 17,2022
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့် အညီကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိကအခန်း ကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ရန်ကုန်အနောက် ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ အ မ က (၂)နှင့်အ လ က(၄) ကျောင်းများမှ အသက် (၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)ကို ယနေ့ နံနက် ၉ နာရီအချိန်က စတင်ကာပထမအကြိမ်ထိုးနှံ ပေးလျက်ရှိ ကြောင်း သိရသည်။
Jun 17,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင်  အခြေခံပညာကျောင်းများဖြစ်သော အထက (၃) အောင်ချမ်းသာ၊ အမက ရွှေဘုံသာ၊အမက ကန်တော်၊ အမက အရှေ့ရွာ၊ အမက အောင်သာယာ ကျောင်းများမှ အသက် (၅)နှစ်နှင့် (၁၅)နှစ် အတွင်းရှိ ကျောင်းသား၊ကျောင်းသူများကို (Myancopharm) နှင့် (Sinopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ပထမအကြိမ် ထိုးနှံခြင်းကို ဆေးတစ်လုံးလျှင် ကလေး(၅)ဦးနှုန်းဖြင့် ကာကွယ်ဆေးများကို ဇွန်လ ၁၅ ရက်နေ့က ထိုးနှံပေးခဲ့ကြောင်း သိရသည်။