ပန်းတနော် ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ဇွန်လ ၂ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဇွန်လ ၁၄ ရက်နေ့အထိ ကျောင်းသား ကျောင်းသူ (၃၀၉၄၂)ဦး ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ဆရာ ဆရာမများ ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ခြေခံပညာကျောင်းများတွင် အသက် (၅) နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ အခြေခံပညာ မူလတန်း (၃၀၃၇၇)ဦး၊ အလယ်တန်း (၁၅၀)ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ (၄၁၅)ဦး စုစုပေါင်း (၃၀၉၄၂) ဦးတို့အား ကိုဗစ်-၁၉ ရောဂါကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသော ကျောင်းများမှ ကျောင်းသား ကျောင်းသူများအား အဆိုပါကာကွယ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)