မိုင်းယန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မိုင်းယန်း ဇွန် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ မူလတန်းအဆင့် ပုံတူဆေးရောင်ခြယ်ပြိုင်ပွဲကို  မွန်းလွဲ ၁ နာရီက Community Centre အခန်း၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးမှ ပြပွဲ၊ ပြိုင်ပွဲနှင့် ဟောပြောပွဲများပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အလယ်တန်းအဆင့် ပုံတူဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးနှင့်တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး