အပြည်ပြည်ဆိုင်ရာမူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှုတိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် အသိပညာ​ပေး​​​​ဟော​ပြောပွဲနှင့်ပြိုင်ပွဲများပြုလုပ်

​ကော့ကရိတ် ဇွန် ၁၆

​ကျောင်းသူ​ကျောင်းသားများ​ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေ​ရေးရည်ရွယ်၍ ကရင်ပြည်နယ်၊​ ကော့ကရိတ်ခရိုင် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေး​ဦးစီးဌာနရုံးတွင် ယ​နေ့နံနက် ၁၁ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ်အဖြစ်အသိပညာ​ပေး​ဟော​ပြောပွဲနှင့် ပြိုင်ပွဲများပြုလုပ်ကျင်းပ​ခဲ့သည်။

အခမ်းအနားတွင် ​ကော့ကရိတ်ခရိုင်ပြန်ဆက်ဦးစီးဌာန၊ ဦးစီးအရာရှိ​ဒေါ်ခင်မျိုးဝင်းက ​ကျောင်းသူ​ကျောင်းသားများအား မူးယစ်​စေတက်​သောအရာများ၊ မူးယစ်​ဆေးဝါးအန္တရာယ်နှင့်မူးယစ်​ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးတို့အား အသိပညာ​ပေး​ဟော​ပြောခဲ့သည်။

ထို့နောက်​​ ကျောင်းသူ​​ကျောင်းသားများကို စာလုံး​ပေါင်းသတ်ပုံအမှန်​ရွေးချယ်ပြိုင်ပွဲ၊ အင်္ဂလိပ်စာလုံးဆက်ပြိုင်ပွဲနှင့် စာကြည့်တိုက်မှူး ဒုဦးစီး​ဒေါ်သင်းမြတ်​သော် မှ ပုံပြင်ဖတ်ပြ​မေးမြန်းခြင်းတို့ ပြုလုပ်​ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲတွင်ဆုရရှိသည့်​ ကျောင်းသူ​ကျောင်းသားများကို ဆုလက်​ဆောင်များ​ချီးမြှင့်​ပေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ အမက(၁၇)​​ကျောင်းမှ ကျောင်းသူ​/သား(၃၀)ဦးတက်​ရောက်ကြ​ကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)