စစ်ကိုင်း ဇွန် ၁၆
စစ်ကိုင်းမြို့တွင် (၂၃)ကြိမ်မြောက်၊ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲခရိုင်အဆင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့် ဝင်ရောက်ယှည်ပြိုင်နိုင်ရန် ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်စာရင်း ရရှိနေမှုအခြေအနေ၊ ပြိုင်ပွဲဝင်များအား စိစစ်အတည်ပြု ဆောင်ရွက်သွားမည့် အခြေအနေ၊ သက်မှတ်ပြိုင်ပွဲဝင် လူဉီးရေစာရင်း ရရှိအောင် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်း ဆပ်ကော်မတီများလည်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ရာ ကော်မတီအလိုက် မိမိတို့ ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း စသည်ဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက် တက်ရောက်လာကြသည့် တက္ကသိုလ်/ ဒီဂရီကော်လိပ်များမှ ပါမောက္ခချုပ်များ။ ကျောင်းအုပ်ကြီးများ၊ လုပ်ငန်းဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ မြို့နယ်သဘင်အစည်း အရုံးမှတာဝန်ရှိသူများ၊ အနုပညာရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး တင်ပြကြရာ တင်ပြချက်များ အပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်