ညောင်တုန်းမြို့နယ်တွင် ဓာတ်မြေဩဇာများ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး တွေ့ဆုံဆွေးနွေး

ညောင်တုန်း ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ မြို့နယ်ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီနှင့် တွေ့ဆုံ၍ ဓာတ်မြေဩဇာများ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးအတွက် ယမန်နေ့ ၁၀ နာရီခွဲ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ သတ်မှတ်ခွင့်ပြု ယူရီးယားဓာတ်မြေဩဇာ အရောင်းဆိုင်များမှ တောင်သူများထံသို့ သတ်မှတ်ဈေးနှုန်းဖြင့် သယ်ယူဖြန့်ဖြုး ရောင်းချနိုင်ရေးအတွက် ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီနှင့် တွေ့ဆုံနွေးနွေးခဲ့ပြီး ဓာတ်မြေဩဇာ ရောင်းချသည့်ဆိုင်များသို့ ကွင်ဆင်း၍ ဆိုင်တာဝန်ခံများနှင့် တွေ့ဆုံကာ သတ်မှတ်မြေဩဇာ အမျိုးအစားများအား ခွင့်ပြုအိတ်အရေအတွက်ဖြင့် သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်း ဖြန့်ဖြူးရောင်းချရန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)