အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်သည် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ တာ၀န်ရှိသူများနှင့်အတူ ဇွန် (၁၅) ရက် ညနေ(၃)နာရီက နောင်မွန်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကျောင်းသူကျောင်းသားများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြား နေမှုကို ကွင်းဆင်းစစ်ဆေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့သည်။
Jun 17,2022
"ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ဘုန်းတော်ကြီးသင်ပညာရေး ပရဟိတမြို့ ရွှေကျောင်းတိုက် နာယကဆရာတော် အရှင်ဥတ္တရဉာဏ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ကျောင်းတိုက် မှာဆိုရင် ပရဟိတကျောင်းသား၊ ကျောင်းသူ (၁၆၀) ကျော် ပညာသင်ကြားလျက်ရှိပြီး ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးကအစ တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။ ပညာရေးပိုင်း မှာ KG ကနေ Grade 11 အထိ ဆရာ ၊ ဆရာမများကို
Jun 17,2022
ပြင်စလူမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများ စာရင်းအား ယနေ့နံနက် (၆) နာရီအချိန်မှ စတင်၍ ထုတ်ပြန်လျက်ရှိရာ ပြင်စလူမြို့၌ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ (၃၃) ဦးရှိကြောင်း သိရသည်။
Jun 17,2022
ကချင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိပြီး ဧရာဝတီမြစ်ရေသည် ဇွန် ၁၆ ရက်နေ့ နံနက် ၆ နာရီတိုင်းထွာချက်အရ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာအောက် ၉၄၅ စင်တီမီတာအထိ မြင့်တက်လာခဲ့သဖြင့် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှကြိုတင်ကာကွယ်နိုင်ရေး၊ မြို့ပေါ်ရပ်ကွက်များတွင် ရေဝပ်တင်ကျန်မှုမရှိစေရေး ပင်မရေနှုတ်မြောင်းများ ရေစီးရေလာကောင်း မွန်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ (၃)နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Jun 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး ရှေ့တွင် အောင်စာရင်းထုတ်ပြန်ခဲ့သည်။
Jun 17,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဦးစီးမှူးရုံးပုသိမ်၌ ကျင်းပသည့်ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယ​​နေ့ နံနက် ၁၁နာရီအချိန်က တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းဝေးခန်းမ၌ ကျင်းပသည်။
Jun 17,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့က ဥပဒေရေးရာအသိပညာပေးဟောပြောပွဲကို မြို့ဦးရပ်ကွက်ဓမ္မာရုံ၌ ယနေ့နံနက် (၁၀) နာရီ တွင် ပြုလုပ်ခဲ့သည်။
Jun 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ထားရှိမှုအပေါ် မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်း စကားသံများကို ဖော်ပြပေးခြင်းဖြစ်ပါသည်။