Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကန့်ဘလူမြို့၌ မိုးရာသီ သစ်ပင်စုပေါင်းစိုက်ပျိုးပွဲကျင်းပ
Jun 18,2022
ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် အရိပ်ရသစ်ပင်များနှင့် ရာသီဥတု ကောင်းမွန်လာစေရေးတို့အတွက် အထောက်အကူ ပြုနိုင်ရေး၊ အရိပ်အာဝါသနှင့် အပူဒဏ်လျော့ချနိုင် ရေးတို့အတွက် ရည်ရွယ်ကာ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာန စီစဉ်ဆောင်ရွက်မှုဖြင့် ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ရုံးဝန်းအတွင်း ယနေ့ နံနက် ၇ နာရီခွဲတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတော် ဘုရားပရဝုဏ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပစေရေး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး
Jun 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲစေတော် ဘုရားပရဝုဏ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရန် ရည်ရွယ်ပြီး မင်းဘူးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ စုပေါင်း၍ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲ စေတော် အရှေ့ဘက်စောင်းတန်း ဘေးပတ်လည်တွင် စုပေါင်းစိုက်ပျိုးခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့နယ်၏ Land Mark အမှတ်အသားဖြစ်သည့် ထန်းပင် စိုက်ပျိုးပွဲတက်ရောက်
Jun 18,2022
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၏ Land Mark အမှတ်အသားဖြစ်သည့် ထန်းပင်များ စိုက်ပျိုးပွဲသို့ တက်ရောက်ပြီး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ဒေသခံပြည်သူများနှင့်အတူ မော်လမြိုင်-ကျိုက်မရောလား လမ်းဘေးဝဲယာတစ်လျောက် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်၊၊
အပြည့်အစုံ ဖတ်ရန်
တမူးမြို့၊ မြို့မဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်
Jun 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းပတ်ဝန်းကျင် သာယာလှပရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က မြို့မဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် မြို့၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 18,2022
စစ်ကိုင်းမြို့တွင် မြို့၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ပေါ်တော်မူ ဘုရားပရဝုဏ်အတွင်းနှင့် လေ့ကျင့်ရေး အထက်တန်းကျောင်းဝင်းအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်တွေမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Jun 18,2022
ရခိုင်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ပြည်နယ်ပေးရေးဆပ်ကော်မတီမှ အသိပညာပေးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် အမှတ်(၅)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို နည်းပညာတက္ကသိုလ် (စစ်တွေ)၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)နှင့် စစ်တွေတက္ကသိုလ်တို့တွင် ယမန်နေ့နံနက်ပိုင်းစ၍ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် Booster Dose ထိုးနှံ
Jun 18,2022
မိုးကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဆေးထိုးလိုသူများအား အသက်(၅)နှစ်နှင့်(၁၈)နှစ်အတွင်း လူငယ်များကို (Sinopharm/ Myancopharm/ Sinovac)ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်း၊ (၁၈)နှစ်နှင့်အထက် ပြည်သူများကို... (Astrazeneca/Covishield) ကိုဗစ်ကာကွယ်ဆေးများကို ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးပေးခြင်း၊ Coshield/ Sinopharm ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှု(၆)လ ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose (Astrazeneca) ထိုးပေး ခြင်းများအား မိုးကုတ်မြို့၊ မဏိရတနာခန်းမနှင့် ကျပ်ပြင်ပတ္တမြားရတနာခန်းမတို့တွင် အပတ်စဉ် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် နံနက် ၉ နာရီမှ ၁၁:၃၀ နာရီအတွင်း ထိုးနှံပေးလျက်ရှိကြောင်း သိရပါသည်၊၊
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် ဒေသခံတောင်သူများအား ဝင်ငွေတိုးပွားစေရန် အမယ်သစ်သီးနှံပင်များအားပေးအပ်
Jun 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့တွင်ဒေသခံတောင်သူများအား စီးပွားဖြစ်လုပ်ကိုင်နိုင်စေရန်အတွက် ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီမှူးရုံး၌ အမယ်သစ်သီးနှံပင်များ ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17078
Page
17079
Page
17080
Page
17081
Current page
17082
Page
17083
Page
17084
Page
17085
Page
17086
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department