မြန်အောင် ဇွန် ၁၇
မြန်အောင်မြို့နယ် ဘုန်းတော်ကြီးသင်ပညာရေး ပရဟိတမြို့ရွှေကျောင်းတိုက် နာယကဆရာတော် အရှင်ဥတ္တရဉာဏ
"ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ဘုန်းတော်ကြီးသင်ပညာရေး ပရဟိတမြို့ ရွှေကျောင်းတိုက် နာယကဆရာတော် အရှင်ဥတ္တရဉာဏ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ကျောင်းတိုက် မှာဆိုရင် ပရဟိတကျောင်းသား၊ ကျောင်းသူ (၁၆၀) ကျော် ပညာသင်ကြားလျက်ရှိပြီး ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးကအစ တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။ ပညာရေးပိုင်း မှာ KG ကနေ Grade 11 အထိ ဆရာ ၊ ဆရာမများကို လစာချီးမြှင့်ပြီး သင်ကြားပေးလျက်ရှိပါတယ်။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ (၁၅)ဦးဖြေဆိုရာ (၉)ဦး အောင်မြင်ခဲ့ပြီး သုံးဘာသာ ဂုဏ်ထူးတစ်ဦး၊ နှစ်ဘာသာ နှစ်ဦးနဲ့ တစ်ဘာသာဂုဏ်ထူး(၄)ဦးတို့ ရရှိခဲ့ပါတယ်၊ နောင်နှစ် နောင်နှစ်တွေမှာ ယခုလိုထူးချွန်ထက်မြက်သော ကလေးများဖြစ်အောင် ပညာသင်ကြားပေးသော စေတနာရှင် ပညာဒါနသင်ကြားပေးသော ဆရာ ၊ ဆရာမများနဲ့ လစာချီးမြှင့်ပြီးသင်ကြားပေးသော ဆရာ၊ ဆရာမများပူးပေါင်းပြီး ကလေးများ ထူးချွန်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်"
"အခုတက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီဆိုတော့ နယ်စပ်ဒေသဖွံ့ဖြိုးရေးတက္ကသိုလ်တက်ဖို့ ရည်မှန်းထားပါတယ်.. အဲ့တက္ကသိုလ်တက်နိုင်ဖို့လည်း ကြိုးစားနေပါတယ်" မောင်ဗညားဦး (သမိုင်း၊ ပထဝီဝင်၊ ဘောဂဗေဒ)ပရဟိတမြို့ရွှေကျောင်းတိုက်၊မြန်အောင်မြို့
"ကျွန်တော်နာမည်က မောင်ဗညားဦး ဖြစ်ပါတယ်၊ ကျွန်တော်ဒီကျောင်းကို ဟိုးငယ်ငယ်လေး ငါးတန်းနှစ်ကတည်းက ရောက်ပါတယ်၊ ဆရာတော်ရဲ့ ကျွေးမွေးစောင့်ရှောက်မှုအောက်မှာ ပညာ သင်ရင်းနဲ့ ယနေ့တက္ကသိုလ်ဝင်စာမေးပွဲကို သမိုင်း၊ ပထဝီဝင်၊ ဘောဂဗေဒ ဘာသာတို့ဖြင့် ဂုဏ်ထူး ရရှိအောင်မြင်ခဲ့ပါတယ်၊ ဆရာတော်ရဲ့ ပံ့ပိုးမှု၊ ကူညီမှု၊ သွန်သင်ဆုံးမမှုတွေကြောင့် ယခုလို အောင်မြင်တာဖြစ်ပါတယ်၊ ဆရာတော်ကိုလည်း ကျေးဇူးတင်ပါတယ်။ အခုတက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီဆိုတော့ နယ်စပ်ဒေသဖွံ့ဖြိုးရေးတက္ကသိုလ်တက်ဖို့ ရည်မှန်းထားပါတယ် အဲ့တက္ကသိုလ် တက်နိုင်ဖို့လည်း ကြိုးစားနေပါတယ်"
ဝင်းဗိုလ် မြန်အောင်