ကချင်ပြည်နယ် သယံဇာတရေးရာ၀န်ကြီး နောင်မွန်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များနှင့် ကျောင်းသူကျောင်းသားများ အေးချမ်းစွာပညာသင်ကြားနေမှုအားကြည့်ရှုစစ်ဆေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

ပူတာအို ဇွန် ၁၇

ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်သည် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ တာ၀န်ရှိသူများနှင့်အတူ ဇွန် (၁၅) ရက် ညနေ(၃)နာရီက နောင်မွန်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကျောင်းသူကျောင်းသားများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြား နေမှုကို ကွင်းဆင်းစစ်ဆေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်၀န်ကြီးသည် မဂွေဇ - ခေါင်လန်ဖူးဆက်သွယ်ထားသည့် ကဆန်ချောင်းကူး မဂွေဇ RC သံကူကွန်ကရစ်တံတား တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်၀န်ကြီးက တာ၀န်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် စံချိန်စံညွှန်းနှင့် အရည်အသွေး ပြည့်မီစွာတည်ဆောက်ရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့်လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဂရုပြု ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်၀န်ကြီးသည် နောင်မွန်းမြို့နယ် ရပ်ဘော့ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲတွင် ကျောင်းသူကျောင်းသားများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြား နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်၀န်ကြီးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့သည် ကျောင်းအုပ်၊ ဆရာ/မများနှင့် တွေ့ဆုံကာ ယနေ့ ပညာရေးစနစ်နှင့် နိုင်ငံတော်၏ဦးတည်ချက်၊ မူဝါဒများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားပြီး ကျောင်းဆရာ/ ဆရာမများက ကျောင်းတွင်း သင်ကြားသင်ယူမှုလုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်၀န်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ် သည်။

ထိုမှတစ်ဆင့် ပြည်နယ်၀န်ကြီးသည် နောင်မွန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၂ခု ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေကျပ်သန်း ပေါင်း(၂၈)သန်းဖြင့် ကဆန်ဒမ်းကျေးရွာ အိမ်ခြေ (၂၀) အတွက် သောက်သုံးရေရရှိရေး စိမ့်စမ်းရေသွယ်တန်းခြင်း (၂) မိုင်နှင့် ဂါလံ (၅၀၀၀) ဆံ့ရေကန်၊ ရေတားတမံတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်၀န်ကြီးက ကျေးရွာအတွက် ရေရှည်အသုံးပြု နိုင်ရေး ဝိုင်း၀န်းထိန်းသိမ်းဆောင်ရွက်သွားရန် တာ၀န်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်