မအူပင်မြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်

မအူပင် ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး ရှေ့တွင် အောင်စာရင်းထုတ်ပြန်ခဲ့သည်။

မအူပင်မြို့နယ်အနေဖြင့် စာမေးပွဲဖြေဆိုသူပေါင်းစာရင်းရှိ (၂၃၁၈) ဦး၊ ဖြေဆိုရန် ပျက်ကွက်သူ (၂၂၃) ဦး၊ ဖြေဆိုသူဦးရေပေါင်း (၂၀၉၅) ဦးဖြေဆိုခဲ့ပြီး အောင်မြင်သူဦးရေ (၁၀၃၇) ဦးရှိပြီး (၆)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင်(၅)ဦး၊ (၄) ဘာသာ ဂုဏ်ထူးရှင်(၂၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၉၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၃၈)ဦး၊ (၁) ဘာသာဂုဏ်ထူးရှင်(၂၉၁)ဦး ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပြီး အောင်ချက် ရာခိုင်နှုန်းအနေဖြင့် (၄၉.၅၀) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံက သိရသည်။

ခရိုင်ပြန်/ဆက်