မိုးကောင်းမြို့၌ ဥပဒေရေးရာ အသိပညာပေးဟောပြော

မိုးကောင်း ဇွန် ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့က ဥပဒေရေးရာအသိပညာပေးဟောပြောပွဲကို မြို့ဦးရပ်ကွက်ဓမ္မာရုံ၌ ယနေ့နံနက် (၁၀) နာရီ တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောရာတွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဝင်းက ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ မိတ်ဆက်စကားပြောကြားပြီး မိုးညှင်းခရိုင် ဥပဒေအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လှိုင်က ဥပဒေအကြောင်းသိကောင်း စရာများ ကိုလည်းကောင်း၊ အဖွဲ့ဝင်ဦးမြသောင်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေ သိကောင်းစရာများကိုလည်းကောင်း၊ အဖွဲ့ဝင်ဦးခင်မောင်မောင်က ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေ အထောက်အကူ ပေးရေးအဖွဲ့ အဖွဲ့ဝင် ဦးမုန်ဒန်အောင်မှ ဥပဒေအထောက်အကူပေးရေးဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေ များကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသူမှ သိလိုသည်များကို ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးပြောကြားပြီး အခမ်းအနားကို မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ဦးရပ်ကွက်ပြည်သူလူထုများ တက်ရောက် ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)