ကျိုက်လတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏ ရင်တွင်းစကားသံများ

ကျိုက်လတ် ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ထားရှိမှုအပေါ် မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်း စကားသံများကို ဖော်ပြပေးခြင်းဖြစ်ပါသည်။

ဦးသန့်ဇင် (မိဘတစ်ဦး)

ကျွန်တော့်နာမည်က ဦးသန့်ဇင်ပါ ။ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို သမီးလေးက ဘောဂဗေဒ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်ရပါတယ်။ ဒီနှစ်မှာအောင်ချက် ကောင်းတဲ့ အတွက် မြို့နယ်အတွက်လည်းဂုဏ်ယူပါတယ်။

မယမင်း( တစ်ဘာသာဂုဏ်ထူးရှင်)

သမီးက မယမင်း ဖြစ်ပါတယ်။ အတွဲ(၁) ဘာသာကို ဖြေဆိုခဲ့ပြီး ဘောဂဗေဒဘာသာကို ဂုဏ်ထူး နဲ့ အောင်မြင်ခဲ့တဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်ရှင့် ။ သင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေနဲ့မိဘ တွေ ကို အထူးကျေးဇူး တင်ပါတယ်။ 

 

မထက်ထက်အောင်(စာမေးပွဲ အောင်မြင်သူ)

သမီးကမထက်ထက်အောင်ဖြစ်ပါတယ်။ အတွဲ(၁)ဘာသာကို အ.ထ.က(၂) မှ ဖြေဆိုခဲ့ပြီး အောင်စာရင်း ထွက်မယ်ဆိုတာသိလို့ ညကရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်နေခဲ့ရတာပါ။ အခုစာမေးပွဲ အောင်လို့ အရမ်းဝမ်းသာပြီး ပျော်လည်းပျော်ရွှင်ရပါတယ်။

ရီရီမြင့်