ပြင်စလူမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထုတ်ပြန်

ပြင်စလူ ဇွန် ၁၇

ပြင်စလူမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား ယနေ့နံနက် (၆) နာရီအချိန်မှ စတင်၍ ထုတ်ပြန်လျက် ရှိရာ ပြင်စလူမြို့၌ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ (၃၃) ဦးရှိကြောင်း သိရသည်။

ပြင်စလူမြို့တွင် စာစစ်ဌာန (၂) ခုရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၀၀ ဦးရှိကာ အောင်မြင်သူ ၃၃ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၃၃ ရာခိုင်နှုန်းရှိပြီး သုံးဘာသာဂုဏ် ထူးရှင် ၉ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၃ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၁၂ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၉ ဦးရှိကြောင်း သိရသည်။

အဆိုပါ အောင်စာရင်းထုတ်ပြန်ကြေငြာရာနေရာသို့ ကျောင်းသူ/ကျောင်းသားများနှင့် မိဘများ လာရောက်ကြည့်ရှုလျက်ရှိကြသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများစာရင်း လာရောက်ကြည့်ရှုသူများ စိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယောဧရာ(မြို့ပြန်/ဆက်)