လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ပုသိမ် ဇွန် ၁၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဦးစီးမှူးရုံးပုသိမ်၌ ကျင်းပသည့်ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယ​​နေ့ နံနက် ၁၁နာရီအချိန်က တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးမောင်မောင်သန်း၊ (လူဝင်မှုကြီး ကြပ်ရေး နှင့်ပြည်သူ့အင်အား ဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး) /ခရိုင်နှင့်မြို့နယ် ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ အထိမ်းအမှတ်နေ့အခမ်းအနား တွင်ပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားသမားများ တက်ရောက် ကြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးမောင်မောင်သန်းမှ အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး ဦးစီးဌာနရုံးမှ ချမှတ်ထားသည့် လုပ်ငန်း စဉ်များအကောင် အထည်ဖော်ဆောင်ရွက်သွားကြရေးအတွက် တက်ညီလက်ညီ ကြိုးစားဆောင်ရွက် သွားကြရန်နှင့် လုပ်ငန်းစဉ်နှင့် တာဝန်ဝတ္တရားများကို သိရှိနားလည်ပြီး မှတ်သား ဆောင်ရွက်သွား ကြရေး ရွေးကောက်ပွဲကာလ (လျှာထားရက်) မတိုင်မီစီမံချက်များအတိုင်း မှန်ကန်တိကျသောအချက်အလက် များပြည့်စုံအောင် ကြိုးစားလုပ်ဆောင်ကြရေး နှင့်အသစ်ခန့်ထားသည့် ဝန်ထမ်းများ အနေဖြင့် အလုပ်တာဝန်များကိုကြိုးစားလုပ်ဆောင်သွားကြစေလိုကြောင်း မှာကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ ဟင်္သာတ၊ လပွတ္တာခရိုင်နှင့် တိုင်းဒေသကြီး ရုံးတို့မှအားကစား အသင်းစုစု ပေါင်း(၁၀) သင်းတို့မှနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင်ဆုရရှိသူများအား တိုင်းဒေသကြီးဦးစီးမှူးမှပထမ၊ ဒုတိယနှင့်တတိယ ဆုရရှိသည့်အသင်းများအား ဂုဏ်ပြုဆုများပေးအပ်သည်။ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် တိုင်းဒေသကြီးဦးစီးမှူးရုံး(က)အသင်း၊ ဒုတိယဆုရရှိသည့် ဖျာပုံခရိုင်အသင်းနှင့် တတိယဆုရရှိသည့် ဟင်္သါတခရိုင်အသင်းတို့မှဆုများ အသီးသီးရရှိခဲ့ကြသည်။ ဆုရရှိကြသူများကိုယ်စား ဧရာဝတီတိုင်း ဒေသကြီး ဦးစီးမှူးရုံး(က)အသင်းမှ အသင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့ကြောင်းသတင်းရရရှိသည်။

မြင့်ဟန်