အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင်ဖြစ်သည့် နေဗီယာမြက်သရုပ်ပြ စိုက်ပျိုးပွဲကိုယနေ့နံနက် ၉နာရီက ကျွန်းရွာကျေးရွာရှိ မွေးမြူရေးခြံရှင်တောင်သူ ဦးကျော်ဆွေ၏ ခြံမြေ (၀.၅)ဧကတွင်ပြုလုပ်ခဲ့သည်။
Jun 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်မှု အခြေအနေအား ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Jun 23,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို (အခမဲ့)ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Jun 23,2022
ကရင်ပြည်နယ်မြဝတီခရိုင်၊ စုကလိမြို့၌ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီက ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ကျင်းပသည်။
Jun 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm  ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံခြင်းကို တံတားမြို့ သုံးလောကထွဋ်ခေါင် မာန်အောင် ရတနာဘုရားကြီးဝန်းအတွင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 23,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၁)နာရီက လူထုအ ခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
Jun 23,2022
၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အနေဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ချောင်းတောင် ကျေးရွာ၌ ယနေ့နံနက် ၈ နာရီက မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းအခမ်းအနားကို ဆောင်ရွက်ခဲ့ကြသည်။
Jun 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌနတွင် ယနေ့မွန်လွဲ(၁)နာရီက သဘာဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။