ကျိုက်မရောမြို့နယ်တွင် တိရစ္ဆာန်အစာပင်နေဗီယာမြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

ကျိုက်မရော ဇွန်  ၂၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင်ဖြစ်သည့် နေဗီယာမြက်သရုပ်ပြ စိုက်ပျိုးပွဲကိုယနေ့နံနက် ၉နာရီက ကျွန်းရွာကျေးရွာရှိ မွေးမြူရေးခြံရှင်တောင်သူ ဦးကျော်ဆွေ၏ ခြံမြေ (၀.၅)ဧကတွင်ပြုလုပ်ခဲ့သည်။

အဆိုပါနေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲသို့ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်စိုးလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံမွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒေါက်တာအောင်စိုးလင်းက တိရစ္ဆာန်အစာပင် နေဗီယာမြက်သည် နွား၊ ဆိတ်နှင့်ဝက်စသည့် တိရစ္ဆာများအတွက် အသားဓါတ် ၁၅ရာခိုင်နှူန်းခန့်ပါဝင်၍ အသားတိုးသဖြင့် တိရစ္ဆာန်များ အလွန်ကြိုက်နှစ်သက်ကြောင်း၊ နေဗီယာမြက်ပင်ကို စိုက်ပျိုးအသုံးပြုခြင်းဖြင့် လွတ်ကြောင်းစနစ်မှ အစာကျွေးစနစ်သို့ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးလာစေရန်၊ ပြည်တွင်းကျွဲ နွားမွေးမြူရေးလုပ်ငန်းအတွက် အဟာရဓါတ်မြင့်မားပြီး အထွက်နှုန်းကောင်းစေသော တိရစ္ဆာန်အစာများဖြင့် ဖူလုံစွာသုံးစွဲနိုင်စေရန် စိုက်ပျိုးခြင်းဖြစ်ကြောင်း မွေးမြူရေး တောင်သူများအား အသိပေးရှင်းလင်းပြောကြား၍ တက်ရောက်လာသူများက တိရစ္ဆာန်အစာပင် နေဗီယာမြက်သရုပ်ပြစိုက်ပျိုးမှုအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)