ကျောက်ဆည် ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌနတွင် ယနေ့မွန်လွဲ(၁)နာရီက သဘာဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မြေပြိုခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ တောမီးလောင်ခြင်း၊ မုန်တိုင်းဖြစ်ခြင်း စသည်တို့သည် သဘာဝဘေးအန္တရာယ်များဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်ကာကွယ်နိုင်သည့်နည်းလမ်းများနှင့် ကြိုတင်ရှောင်ရှားနိုင်ရန်အတွက် အသိပညာရှိရန်လိုကြောင်း၊ အသိပညာသည် စာအုပ်စာပေများတွင် များများတွေ့ရှိနိုင်သောကြောင့် စာအုပ်စာပေများ ဖတ်ရှုလေ့လာရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက သဘာဝဘေးအန္တရာယ်များ ရှောင်ရှားနိုင်ရန်အတွက် ရာသီဥတုကောင်းမွန်ရန်လိုကြောင်း၊ ရာသီဥတုကောင်းမွန်စေရန်အတွက် သစ်တော၊ သစ်ပင်များ ထိန်းသိမ်းသွားကြရေးနှင့် ပတ်ဝန်ကျင်စိမ်းလန်းစိုပြည်ရေးသစ်ပင်များ တိုးချဲ့စိုက်ပျိုးသွားကြရန်နှင့် ပလပ်စတစ်အမှိုက်မျာကို စည်းကမ်းမဲ့မစွန့်ပစ်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သက်မောင်