ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်မှုအခြေအနေအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

ကျောက်ကြီး ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်မှု အခြေအနေအား ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါအဖွဲ့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ သက်ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါပြီး၊ ကျောင်းစျေးတန်းမုန့်ဆိုင်များတွင် ကျောင်းသား ကျောင်းသူများအတွက် ကျန်းမာရေးနှင့်ကိုက်ညီသည့် အစားအသောက်နှင့် မုန့်များရောင်းချမှု ရှိမရှိ၊ Date လွန် အချိုရည်များl မုန့်များl စားသုံးသူရေးရာဦးစီးဌာနမှ ကန့်သတ်အစားအစာများl ဓါတုဆိုးဆေးပါကုန်ပစ္စည်းများ ကြည့်ရှုစစ်ဆေးပြီး၊ ကျောင်းတက်ချိန် နိုင်ငံတော်သီချင်းသီဆိုမှုအား ဌာန်ကရိုင်းကျနမှုရှိမရှိ၊ အသံနေအသံထားအခြေအနေများ ကြည့်ရှုစစ်ဆေးခြင်းနှင့် သင်ကြားပို့ချမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်