အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2022
၂၀၂၂ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲတို့ကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
Jun 23,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ တိရိစ္ဆာန်အစာပင်(Taykuan)တေခူယံမြက်စိုက်ပျိုးခြင်းကို ဇွန် ၂၃ ရက် နံနက်ပိုင်းက ဈေးချိုရပ်ကွက် တောင်သူ ဦးမင်းနိုင်ဦး ခြံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 23,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာ၊ ကလေးတက္ကသိုလ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများမှ ယနေ့နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ရှိ ကဘော် (၃) ခန်းမတွင် အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပခဲ့သည်။
Jun 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်း က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့မဈေးကြီးနှင့် အခြေခံပညာအထက်တန်းကျောင်း (ကဝ)တို့၌ ဖြန့်ဝေခဲ့သည်။
Jun 23,2022
၂၀၂၂ ခုနှစ် ၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်း စာစောင်များ ကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က သက္ကော(အ.ထ.က)ကျောင်းနှင့် စိုက်/ဘဏ်တို့တွင် (ပြန်/ဆက်) ဝန်ထမ်းများမှ ဖြန့်ဝေပေးခဲ့သည်။
Jun 23,2022
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအစည်းအဝေး (၃/၂၀၂၂) ကို ယနေ့နံနက် (၁၁) နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး စီးပွားရေးရာဝန်ကြီးရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဉက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့သည်။
Jun 23,2022
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ အပတ်စဉ်(၂၈) သူနာပြု- သားဖွားဒီပလိုမာ (၃)နှစ် သင်တန်း၊ သင်တန်းသား၊ သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ သင်တန်းနည်းပြ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။