စုကလိ ဇွန် ၂၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီက ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာခင်မောင်ဆွေ ရေးသားသော "လူငယ်နှင့် ငြိမ်းချမ်းရေးတန်ဖိုး" ခေါင်းစဉ်ဖြင့် ဆောင်းပါးအား ဖတ်ပြယှဉ်ပြိုင်စေခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း စုကလိမှ အလယ်တန်းအဆင့်ကျောင်းသူ ၁၀ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရား ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ပိုပိုအောင် (ပြန်/ဆက်)