ရေးမြို့နယ်တွင် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း အခမ်းအနား ကျင်းပ

ရေး ဇွန် ၂၃

၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အနေဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ချောင်းတောင် ကျေးရွာ၌ ယနေ့နံနက် ၈ နာရီက မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းအခမ်းအနားကို ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲနီလင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန  မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင် နှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မွေးမြူရေးလုပ်ကိုင်သူများအပါအဝင် ချောင်းတောင်ကျေးရွာ တောင်သူ ဦးပိုင်ဖြိုး၏ လယ်မြေ (၁)ဧက၌ နေဗီယာမြက်ပင်များကို စိုက် ပျိုးခဲ့ကြသည်။

အဆိုပါ တိရစ္ဆာန်အစာပင် နေဗီယာမြက်ပင်များ စိုက်ပျိုးခြင်းကြောင့် တိရစ္ဆာန်များ အစာ ကျွေးသည့် စနစ် ဖွံ့ဖြိုးလာစေရန်နှင့် အစာရှားပါးမှုနှုန်းနှင့် အာဟာရကြွယ်ဝသော အစားအစာ ကျွေးမွေးနိုင်ရန်၊ အာဟာရဓါတ်ပြည့်ဝသော နေဗီယာမြက်ပင်စားသုံးခြင်းဖြင့် တိရစ္ဆာန်များ အာဟာရဓါတ်ပမာဏ ပြည့်ဝနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးထံမှ သိရသည်။

ရေး (ပြန်/ဆက်)