တံတားမြို့၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်ဆက်လက်ထိုးနှံ

တံတားမြို့ ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm  ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံခြင်းကို တံတားမြို့ သုံးလောကထွဋ်ခေါင် မာန်အောင် ရတနာဘုရားကြီးဝန်းအတွင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို တံတားမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးရန် ရောက်ရှိလာသူများအား အမည်စာရင်း ကောက်ယူခြင်း၊ ဆေးမထိုးနှံမီ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ရောဂါအခံ ရှိ/မရှိ မေးမြန်းခြင်းတို့ ဆောင်ရွက်ပြီးမှသာ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ လူဦးရေ(၈၁၀)ဦးတို့ လာရောက်ထိုးနှံခဲ့ကြပြီး တံတားမြို့အတွင်းရှိ ဆေးထိုးရန် ကျန်ရှိနေသောပြည်သူများကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးဖြူလွင်(တံတား)